ရှေးခေတ်သုခုမအနု လက်ရာများနဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကြာ မပျက်မယွင်း တည်ရှိနေသော စကုမြို့မှ သုံးထပ်ရုပ်စုံကျောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေးခေတ်သုခုမအနု လက်ရာများနဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကြာ မပျက်မယွင်း တည်ရှိနေသော စကုမြို့မှ သုံးထပ်ရုပ်စုံကျောင်း


MNP  -   ဇန်နဝါရီ  ၇

သုံးထပ် ရုပ်စုံကျောင်းသည် စကုမြို့တွင်ရှိ၍ ထူးချွန်ပြောင်မြောက်လှသော ရှေးခေတ် သုခုမအနုလက်ရာများနဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကြာ မပျက်မယွင်း တည်ရှိနေသော ရုပ်စုံကျောင်းတစ်ကျောင်းဖြစ်သည်။


စကုမြို့မှ သုံးထပ်ရုပ်စုံကျောင်းကို ကျောင်းဒါယကာ စကုမြို့ဝန်မင်းကြီး ဦးဆိုင်၊ ဝန်မင်းကတော် ဒေါ်ငွေ (သား) မြို့အုပ်မင်း ဦးသိုက်၊ မြို့အုပ်မင်းကတော် မရိုး (သမီး) မဝက် တို့က သက္ကရာဇ် ၁၂၆၆ ခုနှစ် နယုန်လပြည့်ကျော် ၆ ရက်နေ့တွင် သုံးထပ်ရုပ်စုံကျောင်းအပြင် မှန်ကင်းရုပ်စုံကျောင်းနှင့် ကန်ဦးဘုန်းတော်ကြီးကျောင်းတို့ကိုပါ ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။


ရုပ်စုံကျောင်းတွင် တိုင်လုံးပေါင်း ၁၇၂ တိုင်ရှိကာ အလျား ၁၃၆ ပေ၊ အနံ ၇၂ ပေဖြင့် ဆောက်လုပ်ခဲ့ပြီး ကျောင်း အပြင်ဘက် တိုင်တစ်တိုင်ချင်းစီ၏ တိုင်ဖုံးများတွင် ရှေးခေတ်နန်းတွင်း ဇာတ်တော်များဖြစ်သော စူဠပဒုမဇာတ်တော်၊ ဥတေနဇာတ်တော်နှင့် မမယ်ဥ ဇာတ်ရုပ်များကို ကောက်နုတ်၍ လက်ရာပြောင်မြောက်စွာ သရုပ်ဖော်ထုဆစ်ထားသော ပန်းပုရုပ်ပုံများမှာ လွန်စွာကျောင်းနှင့် ပနာတင့်လှသည်။


မြန်မာနိုင်ငံတွင် များပြားလှသော ဘုန်းတော်ကြီးကျောင်းများအနက် ဗုဒ္ဓဖြစ်စဉ် ၅၅၀ နိပါတ်တော်များနှင့် ဓမ္မပဒကျမ်းများမှ ဇာတ်ဝတ္ထုများကို သရုပ်ဖော်ထုလုပ်ထားပြီး သစ်သားပန်းပုရုပ်များဖြင့် အလှဆင်ထားသော ကျောင်းများကို ရုပ်စုံကျောင်းများဟု ခေါ်ကြသည်။ ယင်းရုပ်စုံ ကျောင်းများအနက် မန္တလေး ရွှေအင်ပင်ရုပ်စုံကျောင်း၊ စစ်ကိုင်းရုပ်စုံကျောင်း၊ စလင်းရုပ်စုံကျောင်း၊ စလေမြို့ရှိ ရုပ်စုံကျောင်းများအပြင် မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်မှမှန်ကင်းရုပ်စုံကျောင်းနှင့် သုံးထပ်ရုပ်စုံကျောင်းများမှာ အထင်ရှားဆုံးဖြစ်ကြသည်။


ဇေယျာထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)