ရခိုင်ပြည်နယ် မောင်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ်





MNP  -   ဇန်နဝါရီ    ၁၄

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့အင်္ဂါရပ် နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး ကြီးကြပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကံထွန်းအောင် ဦးဆောင်၍ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ နှင့် ပြည်သူများက  အမှတ်(၄) အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ) နှင့် မြို့မနာရီစင်လမ်းဆုံမှ မင်းဘာကြီးလမ်းတစ်လျှောက် မြန်မာ့စီးပွားရေး ဘဏ်အနီးအထိ ယနေ့ နံနက် ၇ နာရီ အချိန်က  စုပေါင်း သန့် ရှင်းရေးပြုလုပ်ခဲ့ကြသည်။ 


ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ ၊  မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ဝင်များ ၊ မီးသတ် တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ပြည်သူ များ  စုစုပေါင်း အင် အား  ၁၅၀ ခန့်က စုပေါင်း၍ အဖွဲ့(၂)ဖွဲ့ခွဲကာ  မြို့မအရှေ့ရပ်ကွက် အမှတ်(၄) အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ) ခြံဝင်း အတွင်း၊အပြင် ရှိ မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ် များ အား သန့်ရှင်း သာယာလှပစေရေး အတွက် ခုတ်ထွင်ရှင်း လင်းပြီး ရေမြောင်း အတွင်းရှိ အမှိုက်သရိုက် များ ကို လည်း ဆယ်ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စသည့်တို့ကို စုပေါင်း သန့်ရှင်း ရေး ပြုလုပ် ခဲ့ကြပြီး မြို့မနာရီစင်လမ်းဆုံမှ မင်းဘာကြီးလမ်းတစ်လျှောက် မြန်မာ့စီးပွားရေး ဘဏ်အနီးအထိလမ်းဘေး ဝဲယာ တစ်လျှောက်တွင်လည်း ပလက်စတစ် အမှိုက်များ၊ စွန့်ပစ်အမှိုက်များ ကို ကောက်ယူပြီး စည်ပင် သာယာရေး အဖွဲ့က အမှိုက်သိမ်း ကားဖြင့်  သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ် ဆောင်ရွက်ခဲ့ ကြောင်း သိရ သည်။  


အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)