မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၏ နေ့စဉ်ဆောင်ရွက်ချက်များကို စိစစ်ကြပ်မတ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၏ နေ့စဉ်ဆောင်ရွက်ချက်များကို စိစစ်ကြပ်မတ်လျက်ရှိ


MNP  -  ဇန်နဝါရီ ၁၃

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် May Bank , Yangon Branch မှ Su-laiman Abdul Aziz (Country Head) နှင့် Chang Hon Huen (Eddie) (Head, Operations) တို့မှ တာဝန်ရှိသူများကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် May Bank အနေဖြင့် မြန်မာနိုင်ငံတွင် ဘဏ်ခွဲ ဖွင့်လှစ်ပြီးနောက် ဆောင်ရွက်နေမှု ၊ ရုံးချုပ်၏ မူဝါဒများ ဆွေးနွေးတင်ပြခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်ကို လိုလားပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၏ နေ့စဉ် ဆောင်ရွက်ချက်များကို စိစစ်ကြပ်မတ်လျက်ရှိပြီး လက်ရှိနိုင်ငံ ခြားငွေ ဈေးကွက်တိုးတက်မှု၊ Interbank Market တွင် ဆောင်ရွက်နေမှုများ၊ ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုများ၊ Worker Remi-ttance အတွက် မလေးရှားရောက် မြန်မာများမှ ပြန်လည်လွှဲပို့ရာတွင် May Bank မှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးရေး၊ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။


အဆိုပါ အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဦးအောင်အောင်၊ စာရင်းဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါတို့ တက်ရောက်ကြသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)