ပန်းတောင်းမြို့နယ်တွင် အမှတ်(၁) စက်မှုသင်တန်းကျောင်း(ဆင်တဲ) စက်မှု ကျွမ်းကျင် (၂)နှစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် အမှတ်(၁) စက်မှုသင်တန်းကျောင်း(ဆင်တဲ) စက်မှု ကျွမ်းကျင် (၂)နှစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP  -   ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အမှတ်(၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) စက်မှုကျွမ်းကျင် (၂)နှစ်သင်တန်း၊ အမှတ်စဥ် (၄၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သုံးထပ်ဆောင် အပေါ်ဆုံးထပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသူများမှ နိုင်ငံတော်အလံအား ရှေးဦးစွာ အလေးပြု၍ စက်မှုဝန်ကြီးဌာ၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဖြိုးမြင့်ဆွေက အမှတ်စဥ် (၄၀) သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ စက်မှုဝန်ကြီးဌာ၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဖြိုးမြင့်ဆွေနှင့် ဌာနဆိုင်ရာအကြီးအကဲများ သင်တန်းသူသင်တန်းသားများ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သင်းသင်းအေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)