ပွင့်ဖြူမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယာဉ်စည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် စက်တပ်ယာဉ်များတွင် ရောင်ပြန်စတေကာများ လိုက်လံကပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယာဉ်စည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် စက်တပ်ယာဉ်များတွင် ရောင်ပြန်စတေကာများ လိုက်လံကပ်ပေး



MNP  -  ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် စက်တပ်ယာဉ်များ၌ ရောင်ပြန်စတေကာကပ်ပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စလင်း - ပွင့်ဖြူ - မင်းဘူး - မကွေးသွား ကားလမ်းတွင် ကျင်းပသည်။


အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေးခြင်းနှင့် စက်တပ်ယာဉ်များ၌ ရောင်ပြန်စတေကာကပ်ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှူး(ပွင့်ဖြူ)မှ ရဲတပ်ကြပ်ကြီး ဝင်းဆန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ကာ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ စက်တပ်ယာဉ်များ မောင်းနှင်သွားလာရာ၌ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ မောင်းနှင်သွားလာတတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် မြို့တွင်း ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ထော်လာဂျီယာဉ်များ၊ ခရီးသည်တင်မော်တော် ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများကို ရပ်တန့်စေပြီး ယာဉ်အန္တရာယ်ကင်းဝေးစေရန် ဆင်ခြင်သတိပြုရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေး ဆွေးနွေးဟောပြောပြီး "(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့" စာတမ်းပါ ရောင်ပြန်စတေကာများကို ယာဉ်များတွင် လိုက်လံကပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)