ငပုတောမြို့နယ်တွင် နွေစပါးစိုက်ခင်းများနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှု အ​ခြေအ​နေအားမြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်တွင် နွေစပါးစိုက်ခင်းများနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှု အ​ခြေအ​နေအားမြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု


MNP  -  ဇန်နဝါရီ   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်၊  ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ပုသိမ်-ငပုတော ကားလမ်းမကြီး လမ်းဘေး(ဝဲ၊/ယာ)ရှိ ဆောင်းသီးနှံ နွေစပါးစိုက်ခင်းများနှင့် ရာသီ​ပေါ်သီးနှဲ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှု အ​ခြေအ​နေအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။


ထို့သို့ ​ဆောင်ရွက်ရာတွင်  မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ ဥက္ကဋ္ဌ ဦး​ကျော်သူ၊ အတွင်း​ရေးမှူး ဦးထွန်းမျိုးသန့်နှင့် တာဝန်ရှိသူများသည်  ဆောင်းသီးနှံ နွေစပါး စိုက်​တောင်သူ ဦးအဂ္ဂ၏ စိုက်ဧက (၉.၀၀)ဧက၊ ငရုတ်စိုက်ဧက (၇.၀၀)ဧကနှင့် ဖရဲစိုက်ဧက (၂.၀၀) ဧက အောင်မြင်ဖြစ်ထွန်းနေမှုများအား ကြည့်ရှုခဲ့ကြရာ အဆိုပါ သီးနှံစိုက်ပျိုးသူ တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး သီးနှံပင်များအလေ့အလွင့် မရှိစေရေး၊ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အခြားလိုအပ်သည့်အကူအညီများရှိပါက မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မား​ရေး အဖွဲ့သို့ လိုအပ်သည့် အကူအညီများ တောင်းခံနိုင်ကြောင်း ​သီးနှံစိုက်ပျိုးသူ ​တောင်သူများအား မှာကြားခဲ့သည်။  ဆက်လက်ပြီး ရာသီ​ပေါ်သီးနှံစိုက်ပျိုးသူများဖြစ်သည့် တောင်သူဦးအောင်မြင့်​ဌေးနှင့် ဦးသက်ဦး​အောင်တို့၏ စိုက်ပျိူးထားသည့်  ကန်စွန်းပင်၊ ရုံးပတီပင်၊ ဘူးပင်၊ ချဥ်ပေါင်ပင်၊ ငရုတ်ပင်၊ ပြောင်းဖူးပင်၊ မုန်လာပင်၊  မုန့်ညှင်းပင်၊ ရုံးပတီပင်နှင့် အခြားရာသီပေါ်သီးနှံပင်များ စိုက်ပျိုးထားမှု တို့ကို စိုက်ခင်းများအ​ရောက် ကွင်းဆင်းကြည့်ရှု့အားပေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။


အောင်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)