အသွင်သစ်နှင့် ဆက်ဆံရေး၊ တန်းတူရည်တူဆက်ဆံရေး၊ ပါတီဝင်အင်အားကျစ်လစ်သိပ်သည်းခိုင်မာရေးနဲ့ အင်အားတိုးပွားရေး၊ မီဒီယာနဲ့ စည်းရုံးရေးဆိုင်ရာကိစ္စရပ်များ ရှမ်းပြည်နယ်ခရီးစဉ်တွင် ဆွေးနွေးခဲ့ကြောင်း ဦးခင်ရီပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသွင်သစ်နှင့် ဆက်ဆံရေး၊ တန်းတူရည်တူဆက်ဆံရေး၊ ပါတီဝင်အင်အားကျစ်လစ်သိပ်သည်းခိုင်မာရေးနဲ့ အင်အားတိုးပွားရေး၊ မီဒီယာနဲ့ စည်းရုံးရေးဆိုင်ရာကိစ္စရပ်များ ရှမ်းပြည်နယ်ခရီးစဉ်တွင် ဆွေးနွေးခဲ့ကြောင်း ဦးခင်ရီပြော






MNP ၊ ဇန်နဝါရီ ၁၈

USDP ဥက္ကဋ္ဌ ဦးခင်ရီ က ရှမ်းပြည်နယ်(တောင်ပိုင်း)ခရီးစဉ် ဒုတိယနေ့  မနက်ပိုင်းမှာ ပြည်နယ်/ခရိုင်/မြို့နယ်နဲ့ ရပ်ကျေးအဖွဲ့ဝင်တွေနဲ့ ပြည်နယ်ပါတီရုံးခန်းမမှာ တွေ့ဆုံခဲ့မှုနှင့် ပတ်သက်၍ အသွင်သစ်နှင့် ဆက်ဆံရေး၊ တန်းတူရည်တူဆက်ဆံရေး၊ ပါတီဝင်အင်အားကျစ်လစ်သိပ်သည်းခိုင်မာရေးနဲ့ အင်အားတိုးပွားရေး၊ မီဒီယာနဲ့ စည်းရုံးရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောဆိုထားသည်။


ဦးခင်ရီ က "ကျွန်တော်က ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မှာကြားသင့်၊ မှာကြားထိုက်၊ သိသင့်သိထိုက်တဲ့ကိစ္စတွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့ပြီး၊ ပြည်နယ်ပါတီဥက္ကဋ္ဌက ပါတီရဲ့ဆောင်ရွက်မှုတွေ၊ တောင်ကြီး၊ ကလော၊ လွိုင်လင်၊ လင်းခေး၊ နမ့်စမ်၊ မိုင်းရှူးစတဲ့ ခရိုင်တွေနဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ပါတီခေါင်းဆောင်တွေက သူတို့ဒေသတွေရဲ့ ဆောင်ရွက်နေမှုအခြေအနေတွေ၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့ကစတဲ့ CECအသစ်ရဲ့ (၂)လနှင့် (၁၃)ရက်တာကာလအတွင်း ရက်(၉၀)စီမံချက် ဆောင်ရွက်နေမှု၊ အသွင်သစ်နှင့် ဆက်ဆံရေး၊ တန်းတူရည်တူဆက်ဆံရေး၊ ပါတီဝင်အင်အားကျစ်လစ်သိပ်သည်းခိုင်မာရေးနဲ့ အင်အားတိုးပွားရေး၊ မီဒီယာနဲ့ စည်းရုံးရေးဆိုင်ရာကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ ကြလို့ ကျေနပ်ပီတိဖြစ်ရပါတယ်။" ဟု ပြောဆိုထားသည်။


ဦးခင်ရီအနေဖြင့် စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ အရံမီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးသူငယ်ဘဝမြှင့်တင်ရေးအဖွဲ့၊ ရှမ်း/တောင်မြို့နယ်ပေါင်းစုံ ဓမ္မစကူးလ် ကော်မတီမှ ကိုယ်စားလှယ်တွေနဲ့၊ ဘာသာပေါင်းစုံအသင်းမှ တာဝန်ရှိသူတွေ အပါအဝင်(၂၆)ဦးနဲ့တွေ့ဆုံခဲ့ပြီး သူတို့တွေရဲ့အသင်းဖြစ်တည်မှု၊ ရပ်တည်မှု၊ ဆောင်ရွက်နေတဲ့ ပရဟိတလူမှုရေးလုပ်ငန်းစဉ်တွေ၊ ပူးပေါင်းဆောင်ရွက်လိုတဲ့ကိစ္စတွေကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပြီး သိလိုတဲ့ အချက်တွေကိုဖြေကြားရင်း နိုင်ငံတော်ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ သတင်းအမှန်တွေကိုပါချပြဆွေးနွေးခွင့်ရခဲ့ကြောင်း ပြောဆိုထားသည်။


ဦးခင်ရီက "တောင်ကြီးမြို့နဲ့ ပတ်ဝန်းကျင်မှာ အခြေစိုက်ထားတဲ့တိုင်းရင်းသားပါတီတွေအပါအဝင် စုစုပေါင်းပါတီ (၆)ပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နိုင်ငံရေးစကားဝိုင်းလေးလဲ လုပ်ဖြစ်ခဲ့ပါတယ်။  အဲ့ဒီ့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အသင်း ကာလကတည်းက ပါတီဝင်တွေဖြစ်ခဲ့ကြပြီး လက်ရှိအချိန်မှာ နေရာအမျိုးမျိုး၊ လုပ်ငန်းအမျိုးမျိုးကို ရောက်ရှိနေကြတဲ့ ကျွန်တော်တို့ပါတီဝင်ဟောင်း (၂၄)ဦးနဲ့ထပ်ပြီးတွေ့ဆုံခဲ့ပါတယ်။ “ Once a Lion, Always a Lion “ ဆိုသလို “ တစ်ခါခြင်္သေ့ဖြစ်ခဲ့ဖူးရင် ထာဝရခြင်္သေ့ပါပဲ” ဆိုတဲ့ ကျွန်တော်တို့ပါတီရဲ့ ဆိုစကားလို ပါတီအတွက်ကျရာကဏ္ဍကဝိုင်းဝန်းကူညီကြဖို့ အားမာန် အပြည့်နဲ့ကတိကဝတ်ပြုခဲ့ကြတာတွေကိုလည်း ပီတိဖြစ်ဖွယ်ကြားသိခဲ့ရပါတယ်" ဟု ပြောဆိုထားသည်။


USDP ဥက္ကဋ္ဌ ဦးခင်ရီ အနေဖြင့် ၁၅-၁-၂၀၂၃ ရက်နေ့ကတည်းက ရှမ်းပြည်နယ်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ပါတီတာဝန်ရှိသူများ၊ အရပ်ဘက်အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံးဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)