ဘဏ္ဍာနှစ်အလိုက် လျာထားသည့် အခွန်ရငွေများ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘဏ္ဍာနှစ်အလိုက် လျာထားသည့် အခွန်ရငွေများ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ


MNP  -  ဇန်နဝါရီ ၁၃

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။


ဒုတိယဝန်ကြီးသည် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးတွင် ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများနှင့် တွေ့ဆုံ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် ကောက်ခံရမည့် အခွန် လျာထားချက်များ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး၊ ရုံးဌာန အဆောက်အဦများ လုံခြုံမှုရှိရေးနှင့် ဝန်ထမ်းများစည်းလုံးညီညွတ်မှုရှိရေး၊ အခွန်ထမ်းပြည်သူများအပေါ် ကောင်းမွန်သောဝန်ဆောင်မှုပေးနိုင်ရေး စသည့်ကိစ္စရပ်များကို မှာကြားပြီး ကြီးကြပ်သူ အရာထမ်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဂရုပြုကြပ်မတ်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် ထူးခြားမှုများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန် မှာကြားသည်။


ပြည်တွင်းအခွန်များဦးစီးဌာနသည် နိုင်ငံတော်မှ ကောက်ခံရရှိသော အခွန်အကောက်ရငွေ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ကို နှစ်စဉ် ကောက်ခံပေးနေသည့် ဌာနတစ်ခုဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လုံလောက်သည့် ဘဏ္ဍာငွေများ တိုးမြှင့်ရရှိနိုင်ရန် ဘဏ္ဍာနှစ်အလိုက် လျာထားသည့် အခွန်ရငွေများ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မရှင်ရုံးနှင့် ရန်ကုန်စတော့အိတ်ချိန်းရုံးသို့သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)