MNP - ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့၌ ပွင့်လင်းရာသီရောက်ရှိတော့မည်ဖြစ်သည့်အတွက် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန် ကျိုင်းတောင်းမြို့ မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ခန့်တွင် အမှတ်(၄)ရပ်ကွက်သို့ သွားရောက်၍ တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးဆောင်ရွက်ရာတွင် ကျိုင်းတောင်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးမြင့်သန်းထက် ဦးဆောင်၍ ၎င်း၏ တပ်ဖွဲ့ဝင်းများက အမှတ်(၄)ရပ်ကွက်သို့ သွားရောက်၍ တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ရာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရုတ်တရက်မီးလောင်မှုနှင့် ကြုံတွေ့ပါက မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ရန် အသုံးပြုပုံများနှင့် မီးသတ်ဆေးဗူးများ အရေးပေါ်သုံးစွဲနိုင်မှု သက်တမ်းရှိ/မရှိ စစ်ဆေးခြင်း၊ ဝါယာကြိုများမှ တဆင့်မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးရမည့် အချက်များကိုရှင်းလင်းခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးချိတ်မီးကတ်များထားရှိမှု ရှိမရှိစစ်ဆေးခြင်း၊ မီးပေါ့ဆမှုမရှိစေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အတွက်ဆောင်ရွက်ရမည့် အချက်အလက်များ တို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment