MNP - ဇန်နဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းများကို မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့များမှ ရပ်ကွက်/ကျေးရွာများအလိုက် စနစ်တကျ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူဆောင်ရွက်ရာ လုပ်ငန်းဆောင်ရွက်မှု (၃၈.၅) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မြိတ်မြို့နယ်အနေဖြင့် အိမ်ထောင်စု (၉၄၀၆၄)စု လူဦးရေစာရင်း (၂)သိန်း(၆)သောင်းကျော်ရှိ၍ ရပ်ကွက်/ကျေးရွာအုပ်စု(၃၄)ခုတွင် စာရင်းကောက်အဖွဲ့(၁၈၉)ဖွဲ့မှ ပုံစံ(၆၆)နှင့် မြေပြင်ရှိ လူဦးရေစာရင်းများကို ရပ်ကွက်/ကျေးရွာများ၌ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ(၁၆)ရက်အထိ အိမ်ထောင်စု (၃၆၂၅၁)စုကို စစ်ဆေး ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအနေဖြင့် (၃၈.၅)ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီဖြစ်သည်။
မြို့နယ်အတွင်း လူဦးရေစာရင်းမြေပြင် ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြေပြင်နှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို စာရင်းကောက်အဖွဲ့များမှ စနစ်တကျ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက မြိတ်တောင်ရပ်ကွက် အတွင်း စာရင်းကောက်ယူဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး
https://t.me/MyanmarNationalPost
No comments:
Post a Comment