မြောက်ဦးမြို့နယ်၊ လက်ကောက်ဈေးအုပ်စု၊ ဆင်ချဆိပ်ရွာသစ်၌ မီးလောင်မှုဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ်၊ လက်ကောက်ဈေးအုပ်စု၊ ဆင်ချဆိပ်ရွာသစ်၌ မီးလောင်မှုဖြစ်



MNP  -  ဇန်နဝါရီ  ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြိုနယ် လက်ကောက်ဈေးအုပ်စု၊ ဆင်ချဆိပ်ရွာသစ်၌ ၃-၁-၂၀၂၃ ရက်နေ့ ညနေ(၉:၂၅)အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မြောက်ဦးမြို့နယ်၊ လက်ကောက်ဈေးအုပ်စု၊ ဆင်ချဆိပ်ရွာသစ်နေ ဒေါ်ဦးမြသိန်းနေအိမ် တွင် ကလေးအိပ်နေစဉ် လူကြီးမရှိဘဲဖယောင်းတိုင်မီးထွန်းထားခဲ့ရာမှ အနီးရှိဝါးထရံသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်းသိရသည်။


အဆိုပါမီးလောင်ရာ နေရာသို့ မြောက်ဦးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးတပ်ဖွဲ့ဝင်(၄)နှင့်အတူ ဆင်ချဆိပ်ရွာသစ်ရှိ ရွာသူ/ရွာသားများမှ အနီးရှိချောင်းမှရေများဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ (၉:၄၀) အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မယုယုမော်(သ)၁၀နှစ်မှာ ပါး၊ လက်၊ ခြေ(ဝဲ/ယာ) တို့တွင် မီးလောင်ဒဏ်ရာ အနည်းငယ်ရရှိ၍ မြောက်ဦးခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။


ထိုသို့မီးလောင်မှုကြောင်း မီးဘေးသင့်ပြည်သူ့ ကျား(၁)ဦး၊ မ(၃)ဦး၊ စုစုပေါင်း(၄)ဦးတို့အား နီးစပ်ရာဆွေမျိုးနေအိမ်တွင် ယာယီနေထိုင်လျက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိ သူ များမှ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းရရှိသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)