အင်းစိန်မြို့နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာစေရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်မြို့နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာစေရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်



MNP  -   ဇန်နဝါရီ   ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေး ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိမရှိစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က၊ ရွာမအရှေ့ရပ်ကွက်၊ အထက(၁)ကျောင်းရှေ့မင်းကြီးလမ်းတွင် ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။


စစ်ဆေးရာတွင်ယာဉ်ပေါ်၌ မူးယစ်ဆေးဝါးများသယ်ဆောင်ခြင်းမရှိစေရေး၊ အများပြည်သူယာဉ်တိုက်မှုအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီ စနစ်တကျမောင်းနှင်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ကြောင်း သိရပါသည်။


ထိုသို့ဆောင်ရွက်ခြင်းကို အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုခလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးသန့်ဇင်၊ အမှတ်(၆၉)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှဒုရဲမှူးတင်ကို၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဝင်းနိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှမြို့နယ်ဦးစီးမှူးဦးကျော်ဇင်လတ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဦးနွေမိုးငြိမ်း၊ ရန်ကုန်တိုင်းပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ဦးဇော်လင်းမောင်နှင့်တာဝန်ရှိသူများက ပူး‌ပေါင်းစစ်ဆေးကြောင်းသိရှိရပါသည်


ခင်နှင်းကြည်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)