မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး




MNP  -   ဇန်နဝါရီ   ၁၃

ရခိုင်ပြည်နယ် မောင်တောခရိုင် ၊ မောင်တောမြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေး လုပ် ငန်း များ၏ ဆောင် ရွက်နေမှု အခြေအနေများအား  ယနေ့ နံနက်ပိုင်းက မောင်တော ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ ဝင် များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ တာ ဝန် ရှိသူများက ကွင်း ဆင်း စစ် ဆေး ဆောင်ရွက် ခဲ့ကြ သည်။  


ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ ခရိုင် တည်ဆောက်ရေးလုပ်ငန်းများ  စိစစ်ရေး ကော်မတီဝင်များ နှင့် တာဝန်ရှိ သူများသည်  မောင်တောမြို့နယ် အတွင်းရှိ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက် ရေး လုပ်ငန်းများ အ နက် ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော တည်ဆောက် ရေးလုပ်ငန်းများအား ကွင်းဆင်းစိစစ်နိုင်ရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ  ဦးမောင်အေးသိန်း က  တည်ဆောက်ရေးလုပ်ငန်းများ၏ ခွင့်ပြုရန်ပုံငွေများ နှင့်  လုပ် ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများ နှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြပြီး မြို့နယ် တည်ဆောက်ရေး လုပ် ငန်း များ  စိစစ်ရေး ကော်မတီဝင်များမှ ပဏာမ စိစစ်တွေ့ရှိမှု အခြေ အနေများ တင်ပြခဲ့ကြသည်။  


ထို့နောက် မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ ခရိုင်တည်ဆောက် ရေး လုပ်ငန်းများ စိစစ်ရေး ကော်မတီဝင်များ နှင့် တာဝန်ရှိသူများသည်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း  ရခိုင် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများအနက် ကုမ္ပဏီများမှ တာဝန် ယူ ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများ ဖြစ်သည့် ပြည့်ဆန္ဒ ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၅၈.၅၆၄ သန်းဖြင့် ဆောင် ရွက် လျက်ရှိသည့် ဝေသာလီအလယ်လမ်း ကွန်ကရစ်ခြင်းလုပ်ငန်း ၊ Golden Kabar ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၁၈.၅၉၃ သန်းဖြင့် ဆောင် ရွက် လျက်ရှိသည့် ဝေဘာဂီလမ်း ကွန်ကရစ် ခင်းခြင်း လုပ်ငန်း  နှင့် ဗိုလ်မှူးရွာသွားလမ်း ကွန်ကရစ် ခြင်းလုပ်ငန်း ၊ Akyab Clay ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၂၅.၁၄၂ သန်းဖြင့် ဆောင် ရွက် လျက်ရှိသည့် ကမ်းနားလမ်း ဖြတ်လမ်းကွန်ကရစ်ခြင်းလုပ်ငန်း  နှင့် အလောင်းဘုရား လမ်းဘေးကျောက်စီ ရေမြောင်း ၊ ရေမြောင်းကွန်ကရစ် အဖုံး ပြုလုပ်ခြင်းလုပ်ငန်း ၊  နန်းပန်းလှိုင် ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၂၇၇.၅၇၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် မောင်နီရွာသွားလမ်း အပိုင်း(၁) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၊  ရွှေမြအောင် ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ၁၄၂.၁၁၂သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် လသာရွာသွားလမ်းအပိုင်း(၁)ကွန်ကရစ် ခင်းခြင်း လုပ်ငန်းများအား မြေပြင်ကွင်းဆင်း ကြည့်ရှု စစ်ဆေးပြီး သတ်မှတ် ကာလဘဏ္ဍာရေးနှစ်အတွင်း စံချိန်၊ စံညွန်း အရည်အသွေး ပြည့်မှီ စွာ ဖြင့်  အချိန် မီပြီးစီး နိုင်ရေး ဆောင် ရွက်ကြရန် ကုမ္ပဏီမှ တာဝန်ရှိ သူ များအား မှာကြားခဲ့ကြောင်းသိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)