MNP - ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယနေ့နံနက်ပိုင်းက ခရိုင်သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ဆောင်ရွက်ဆဲကာလတွင် သိမ်းဆည်းထားသောသက်သေခံပစ္စည်းများ တန်ဖိုးဆုံးရှုံးမှုမရှိစေရေးအတွက် သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီမှ သတ်မှတ်သည့်အချိန်အတိုင်းအတာအတွင်း စီမံထိန်းသိမ်းဆောင်ရွက်နိုင်ရန် သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီ တာဝန်ရှိသူအဆင့်ဆင့်တို့က လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ခရိုင်သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီဝင်များက သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများကိုစနစ်တကျ စီမံထိန်းသိမ်းထားရှိမှုနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ခရိုင်သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူတို့က အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
စိုင်းအောင်ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment