MNP - ဇန်နဝါရီ ၃
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်အားကစား ဖွံဖြိုးတိုးတက်ရေးအစီအစဉ်အရ တစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးများတွင် သက်ဆိုင်ရာ အားကစားနည်းအလိုက် ကျင်းပလျက်ရှိရာ ယမန်နေ့၊ ညနေ(၃)နာရီက ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက လူငယ်ကစားသမားတို့ အားကစားကို စိတ်ပါဝင်စားပြီး၊ ဘက်စုံ အားကစားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မျိုးဆက်သစ် လူငယ်ကစားသမားများပေါ်ထွက်လာစေရန်၊ တိုးတက်ကောင်းမွန်သော အားကစားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်တို့ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် လူငယ်အသင်း(၁၆)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး၊ ဖူဆယ်ဘောလုံး၊ စစ်တုရင်ပြိုင်ပွဲ၊ ကျား/မ မီတာ(၁၀၀)အပြေးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိသည့်အသင်းများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ထံမှသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment