ဘောဂလိမြို့တွင် ဒေသထွက်သဘာဝနနွင်းချောက် တစ်ပိဿာငွေကျပ် ၅၀၀၀ ဖြင့်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘောဂလိမြို့တွင် ဒေသထွက်သဘာဝနနွင်းချောက် တစ်ပိဿာငွေကျပ် ၅၀၀၀ ဖြင့်ရောင်းချ




MNP  -  ဇန်နဝါရီ  ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းနှင့် ဥယျဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိစေရန် မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် နနွင်းစိုက်ပျိုးသည့် လုပ်ငန်းကိုတစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း နနွင်းခြောက် တစ်ပိဿာ ၅၀၀၀ ကျပ်ဖြင့် ရောင်းချနေရ၍ နနွင်းစိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


"ယခုနှစ်တတွင် ကျွန်မတို့ ဒေသခံပြည်သူများ မိသားစုဝင်ငွေ တိုးပွားရန်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် နနွင်းစိုက်ခင်းက ဖြစ်ထွန်းအောင်မြင်ပြီး နနွင်းဥများ လှိုင်လှိုင်ဥလို့ အဆင်ပြေကြောင်း၊ နနွင်းခြောက်တစ်ပိဿာ (၄၅၀၀)ကျပ်မှ (၅၀၀၀)ကျပ် အထိ ရရှိကြောင်း၊ နနွင်းမှုန့်တစ်ပိဿာ (၉၀၀၀)ကျပ်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအများစုမှ လာရောက်ဝယ်ယူပြီး ရောင်းချရရကြောင်း၊ အထွက်နှုန်းကောင်းမွန်စေတဲ့ စိုက်ပျိုးရေး နည်းစစန်များ တိုးတက်လာသည့်အတွက် တောင်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းများကို အများစုစိုက်ပျိုးလုပ်ကိုင်ကြကြောင်း ၊ နနွင်းကို ဇွန်လပထမပတ်မှစတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် တူးယူပြီး နနွင်းခြောက်နှင့် နနွင်းမှုန့်များကို ရောင်းချကြောင်း၊ သဘာဝနနွင်းစစ်စစ်ဖြစ်သည့် အတွက် လူအများစု နှစ်သက်သော သဘာဝမီးဖိုချောင်သုံး အစားအသောက်တစ်မျိုးဖြစ်ရာ နနွင်းပေါ်ချိန်ရောက်လျှင် ရောင်းကောင်းပြီး မိသားစု အပိုဝင်ငွေရရှိကြောင်း" နနွင်းစိုက်ပျိုး ရောင်းချသည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။


ဘောဂလိမြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၇)စုရှိရာ ဒေသနေပြည်သူအများစုသည် နနွင်းစိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်ကြပြီး ယခုအချိန်တွင် နနွင်းရောင်းချသည့်လုပ်ငန်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


မူးလားလာ 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)