(၇၅)နှစ်မြောက် စိန်ရတုအကြိုအထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘော်လီဘောပြိုင်ပွဲနှင့် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုအကြိုအထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘော်လီဘောပြိုင်ပွဲနှင့် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ




MNP  -  ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုအကြိုအထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘော်လီဘောပြိုင်ပွဲနှင့် ဝါးဖြူတောင်ကျေးရွာအုပ်စု အခြေခံပညာကျောင်းမိသားစု ချစ်ကြည်ရေး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း တွင်ကျင်းပပြုလုပ်သည်။


ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အခမ်းအနားတွင် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ( ၇)မိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြတ်တို့မှ​ ပြိုင်ပွဲဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အခြေခံပညာကျောင်းသူကလေးများက ပန်းပွားအက၊ အေရိုးဗစ်အကများဖြင့် ဖျော်ဖြေခဲ့ကြကာ ပြိုင်ပွဲများ ဆက်လက်ကျင်းခဲ့ရာ တာဝန်ရှိသူများမှ ပြိုင်ပွဲများကို အားပေးကြည့်ရှု့ခဲ့ကြသည်။


အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဝါးဖြူတောင်​ကျေးရွာအုပ်စု အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)