MNP - ဇန်နဝါရီ ၁၄
မွန်ပြည်နယ်၊သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ(သထုံ)ကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ထွေးက လူငယ်စကားဝိုင်းပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာများရပ်များသာမက ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူငါးဦးတို့က "လူငယ်နှင့်ပညာရေး" "လူငယ်နှင့်ကိုယ်ကျင့်တရား" "လူငယ်နှင့်လူမှုဆက်ဆံရေး" "လူငယ်နှင့်စာပေ" "လူငယ်နှင့်အားကစား" ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့်၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတိုကို ကျယ်ကျယ်ပြန့်ပြန့်မျှဝေ ဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူက ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကသိလိုသည်များကို မေးမြန်းဆွေးနွေးရာ အစီအစဉ်တင်ဆက်သူနှင့် တက်ရောက်ဆွေးနွေးသူတို့က ပြန်လည်ရှင်းလင်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးသိပ္ပံ(သထုံ)ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များနှင့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment