ရသေ့တောင်မြို့ အထက(၁)ကျောင်းတွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့ အထက(၁)ကျောင်းတွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ





MNP  -  ဇန်နဝါရီ ၁၄

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အထက(၁) ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၂) နာရီအချိန်က အဆိုပါကျောင်းရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


 ရှေးဦးစွာ မြို့နယ်ပညာ‌ရေးမှူးဦးထွန်းရွှေ၊ အထက(၁) ကျောင်းအုပ်ဆရာကြီး ဦးမောင်စံသိန်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။


ယင်းနောက် မြို့နယ်ပညာ‌ရေးမှူးဦးထွန်း‌ရွှေက အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦး‌မောင်သိန်းရွှေနှင့် ကျောင်းအုပ်ဆရာကြီး ဦးမောင်စံသိန်းတို့က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပညာရေးစုံညီပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများနှင့် ပညာရည်ချွန်ဆု ရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့သည်။


အဆိုပါ ဆုများကို အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးမိသားစုမှ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဖများက အသီးသီး ဆုချီးမြှင့်ပေးခဲ့ကြသည်။


ဆက်လက်၍ ပဒေသာကပွဲ အစီအစဉ်များကို ဆက်လက်ကျင်းပရာ အထက(၁)ကျောင်းမှ အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ ယဉ်ကျေးမှု၊ ရခိုင်ရိုးရာယဉ်ကျေးမှုနှင့် ခေတ်ပေါ်တေးဂီတ အကအလှများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)