ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းဖွင့်လှစ်ပို့ချ


MNP  -   ဇန်နဝါရီ   ၁၉

ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းဖွင့် လှစ်ပို့ချခြင်းကို ဇန်နဝါရီလ(၁၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင်ပုသိမ်မြို့ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။


ပထမဦးစွာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အဖွဲ့၀င်ဦးကျော်စိုးလင်းက အဖွင့်အမှာစကားပြောကြားရာ အသေးစားအဂတိလိုက်စားမှုများကို လျှော့ချနိုင်စေရန်ဖွဲ့စည်းထားသည့် CPU အဖွဲ့ များအနေဖြင့် လုပ်ငန်းတာဝန်များကို တိတိကျကျသိရှိအကောင်ထည်ဖော်နိုင်ရန် ယနေ့သင်တန်းကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ဆက်လက်၍ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း တာ၀န်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း၊ လုပ်ငန်းလမ်းညွှန်ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ် လေ့လာခြင်း၊ အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်း အစီအစဉ်တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြုဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။


သင်တန်းသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့၀င်ဦးကျော်စိုးလင်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာအသီးသီးတို့မှ သင်တန်းသား/သူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။


 မြင့်ဟန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)