မင်းဘူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးများဖွံ့ဖြိုးမှုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးများဖွံ့ဖြိုးမှုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ





MNP  -  ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးများဖွံ့ဖြိုးမှုပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မင်းဘူးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိက စံပြမိခင်းများအနေဖြင့် ရင်သွေးငယ်များအား ပြုစုပျိုးထောင်ရာတွင် အသက်ရွယ်အလိုက် သတ်မှတ်ထားသော ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံတိုက်ကျွေးရန် အထူးအရေးကြီးကြောင်း၊ ရင်သွေးငယ်များ ကျန်းမာဖွံ့ဖြိုးတိုးတက်စေရန် စံပြမိခင်များက ကျန်းမာသန့်ရှင်းပြီး အာဟာရပြည့်ဝသော အစားအစာများကို နေ့စဉ် စားသောက်ကျွေးမွေးရန်လိုအပ်ပါကြောင်း၊ မိမိတို့အဖွဲ့အစည်းအနေဖြင့် ရည်မှန်းချက်လုပ်ငန်း တာဝန်များနှင့်အညီ အနာဂတ်ရင်သွေးငယ်များ ရောဂါဘယကင်းဝေးပြီး ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ထူးချွန်ထက်မျက်သော ရင်သွေးငယ်လေးများ ပေါ်ထွက်လာစေရန် ယခုလိုပြိုင်ပွဲအား ကျင်းပဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ကလေးဖွံ့ဖြိုးမှုပြိုင်ပွဲတွင် မွေးစမှ (၃)လ၊ (၃)လမှ (၆)လ၊ (၆)လမှ (၁)နှစ်၊ (၁)နှစ်မှ (၁)နှစ်ခွဲ ရင်သွေးငယ်များနှင့် အမွှာရင်သွေးငယ်များအပါအဝင် စုစုပေါင်း (၃၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အမှတ်ပေးစည်းမျဉ်းများအရ သတ်မှတ်ထားသော ကျန်းမာရေး စစ်ဆေးမှုများ အဆင့်ဆင့်ပြုလုပ်၍ ဆုရရှိသော ရင်သွေးငယ်များကို မင်းဘူးခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိ၊ အဖွဲ့ဝင်ဒေါ်ခိုင်ခိုင်ရှိန်နှင့် မင်းဘူး(စကု)မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ခိုင်ဇင်ဦးတို့က ဆုများကို အသီးသီးချီးမြှင့်ပေးအပ် ခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


မောင်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)