ပူတာအိုခရိုင်၌ ဆောင်းရာသီ ဘောလုံးအခြေခံသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုခရိုင်၌ ဆောင်းရာသီ ဘောလုံးအခြေခံသင်တန်းဆင်းပွဲ ကျင်းပ



MNP  -  ဇန်နဝါရီ ၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ၂၀၂၃-ခုနှစ် ဆောင်းရာသီ ဘောလုံးအခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်လွှဲ (၂) နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခိုင်သန်းတိုး၊ မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်အားတာဒွေ့၊ ခရိုင်/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ နည်းပြများက သင်တန်းသားများ၏ ဘောလုံးအခြေခံ သရုပ်ပြတင်ဆက်မှုများနှင့် Physical Fitness Dance အကများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးကြသည်။


အဆိုပါသင်တန်းသို့ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ သင်တန်းသားစုစုပေါင်း (၁၀၀) ဦးတို့အား သင်တန်းနည်းပြ ဦးထက်နှောင်နှင့် ဦးကျော်ဇင်ဦးတို့က ဒီဇင်ဘာ (၆) ရက်နေ့မှ ဇန်နဝါရီ (၆) ရက်နေ့အထိ သင်တန်းကာလ တစ်လတာသင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကို ပူတာအိုခရိုင်အတွင်း မျိုးဆက်သစ် ဘောလုံးကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ ဘောလုံးကစားနည်းဖြင့် ကလေးသူငယ်များ အချိန်ကိုအားကစားလုပ်ခြင်းဖြင့် ကုန်လွန်စေရန်နှင့် ပူတာအိုဒေသရှိ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။


ဖုန်ကန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)