မိတ္ထီလာတက္ကသိုလ်၌ ထမနဲထိုးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာတက္ကသိုလ်၌ ထမနဲထိုးပြိုင်ပွဲကျင်းပ


MNP   -   ဇန်နဝါရီ ၂၈

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီအချိန်က အဆိုပါတက္ကသိုလ် ပထဝီဝင်ဌာနအနီး ကွင်းပြင်တွင်ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ ထမနဲထိုးပြိုင်ပွဲဝင်အသင်းများ၏ ပြိုင်ပွဲဝင်ရန်ပြင်ဆင်ထားမှု အခြေအနေများကို ဒိုင်အဖွဲ့ဝင်များက အကဲဖြတ်အမှတ်ပေးသည်။ ထိုနောက် ပါမောက္ခချုပ်ဒေါက်တာဘဟန်က အဖွင့်စကားပြောကြားရာတွင် ထမနဲထိုးပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် မြန်မာ့ရိုးရာအစားအစာ ထမနဲသမိုင်းကြောင်းကို ထည့်သွင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြန်မာစာ၊အ င်္ဂလိပ်စာ၊ သင်္ချာ၊ပထဝီဝင်၊သမိုင်း၊ အရှေ့တိုင်းပညာ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ ဒဿနိကဗေဒ၊ ဘူမိဗေဒ၊ သတ္တဗေဒ၊ ရူပဗေဒ၊ သင်တန်းရေးရာဌာနနှင့် စီမံ/ ဘဏ္ဍာ စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၁၄ သင်းတို့က ပါဝင်ယှဉ်ပြိုင်ကြရာ ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နှင်းအိနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ အဆိုပါပြိုင်ပွဲတွင် ပထမဆု ဓာတုဗေဒ၊ ဒုတိယဆု ပထဝီဝင်နှင့် တတိယဆု ဘူမိဗေဒအသင်းတို့က ရှိကြပြီး ဆုရရှိကြသော ပြိုင်ပွဲဝင်အသင်းများကို ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ဦးချမ်းသာ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)