MNP - ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးလုပ် ငန်းများကို ယမာန်ကစတင်၍ စာရင်းကောက်ယူရေးအဖွဲ့ (၆၇)ဖွဲ့ဖြင့် တစ်အိမ် တက်ဆင်း စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့အိမ်ထောင်စုစာရင်းများ ကောက် ယူရာတွင် Server အတွင်းရှိ အိမ်ထောင် စုစာရင်းများတွင် မှတ် ပုံတင်နံပါတ်နှင့် အချက်အလက်များ ပြည့်စုံမှန်ကန်ရေး ဖြည့်သွင်းခြင်း၊ နိုင်-၄ မှတ်တမ်းများ ဖြည့်စုံမှန်ကန်ရေး စီစစ်ဖြည့်သွင်းခြင်း၊ အခြားမြို့နယ်အိမ်ထောင်စုစာရင်း ကိုင်ဆောင်သူများနှင့် မည်သည့် အိမ်ထောင်စုစာရင်းမျှမရှိသူ ရွေ့ပြောင်း၊ ပျံ ကျများအား အိမ် ထောင်စု(အလွတ်)ဖြင့် ကောက် ယူခြင်း၊ မသန်စွမ်း(၅)မျိုးစာရင်း စနစ်တကျ ကောက်ယူခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစာရင်းကောက်ယူရာတွင် အ ဆင်ပြေစေရန်အတွက် ခရိုင်Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဌခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့် ခရိုင်ကြီးကြပ်ရေးကော်မတီအတွင်း ရေးမှူး ခရိုင်လဝက ဒုတိယညွန်ကြားရေးမှူးဦးအောင်မြင့်ဦး မြို့နယ်Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့် မြို့နယ်ကြီးကြပ်ရေးကော်မ တီအတွင်းရေးမှူး မြို့နယ်လဝကဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှုင်းပေါင်း စပ်ပေးခဲ့သည်။
အမ်းမြို့နယ်တွင်၊ ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၂၆) အုပ်စုတွင် ကွင်းဆင်းစာရင်းကောက်အဖွဲ့ပေါင်း(၆၇)ဖွဲ့ဖြင့် ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ၊ မြို့နယ် ဦးစီးမှူး ဦးကျော်မင်းထွန်းထံမှသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment