မြိတ်မြို့အနီး၊ မြန်မာ့ပင်လယ်ပြင်အတွင်း မီးလောင်မှုဖြစ်ပွားနေသည့် ငါးဖမ်းဝါးလတ်လှေတစ်စီးအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့အနီး၊ မြန်မာ့ပင်လယ်ပြင်အတွင်း မီးလောင်မှုဖြစ်ပွားနေသည့် ငါးဖမ်းဝါးလတ်လှေတစ်စီးအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်




MNP  -  ဇန်နဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် မြိတ်မြို့၏ အနောက်မြောက်ဘက် ရေမိုင် ၀ ဒသမ ၅ မိုင်အနီး ငါးဖမ်းဝါးလတ်လှေတစ်စီး မီးလောင်နေကြောင်း သတင်းအရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် ၁၂ နာရီခန့်တွင် သွားရောက်ရှာဖွေစိစစ်ခဲ့ရာ သုခမောင်(၇)အမည်ရှိ ငါးဖမ်းဝါးလတ်လှေ ၁ စီး မီးလောင်နေသည်ကိုတွေ့ရှိခဲ့သဖြင့် မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့မှရေယာဉ်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များတင်ဆောင်ထားသည့် အရပ်ဘက်ရေယာဉ်များနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး လှေပေါ်ပါ လှေသား ၃ ဦးမှာ မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန်အတွက် မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)