မိုးကောင်းမြို့ အရှေ့ရပ်-မူလွန်ကျောင်း၏ ၂၀၂၂-၂-၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းမြို့ အရှေ့ရပ်-မူလွန်ကျောင်း၏ ၂၀၂၂-၂-၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ







MNP -  ဇန်နဝါရီ ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အရှေ့ရပ်-မူလွန်ကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ(၁၄)ရက် နံနက်(၁၀)နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။


အခမ်းအနားကို ကျောင်းသူများမှ “ကြိုဆိုပါသည် စုံညီပွဲတော်”တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေလှိုင်မိုးမှ ကျောင်း၏အခြေအနေအရပ်ရပ်ကို ရှင်းလင်း ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲဆုရရှိသူများ၊ အတန်းလိုက် ဘာသာစုံအမှတ်အများဆုံး ထူးချွန်ဆုရရှိသူများ၊ A အဆင့် ထူးချွန်ဆုရရှိသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းစိန်နှင့် ကျောင်းအကျိုးတော်ဆောင်တာဝန်ရှိသူများက ဆုအသီးသီး ချီးမြှင့်ခဲ့ကြသည်။


ထို့နောက် ဖျော်ဖြေရေးအစီအစဉ်အရ သမီးလေး မသန့်ဖြူဝင်းနိုင်မှ “အသဲခွဲလူစား” တေး သီချင်းဖြင့်လည်းကောင်း၊ Grade 2 ကျောင်းသား ကျောင်းသူများက ကချင်တေးသီချင်း၊ “တို့ရှမ်း ဌာနေ” ၊ “ဇာတိမာန်” တေးသီချင်းတို့ဖြင့်လည်းကောင်း တေးသရုပ်ဖော်ကပြခဲ့ကြောင်း သိရသည်။


သန်းလွင်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)