ကျိုင်းတုံမြို့၌ လူနေမှုဘဝနှင့် လက်တွေ့အသုံးချမြေယာစီမံခန့်ခွဲမှု အခြေခံသဘောတရားများ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဝန်ဆောင်မှု ပညာရပ်ဆိုင်ရာ မျှဝေခြင်း သင်တန်း(၁/၂၀၂၃) သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ လူနေမှုဘဝနှင့် လက်တွေ့အသုံးချမြေယာစီမံခန့်ခွဲမှု အခြေခံသဘောတရားများ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဝန်ဆောင်မှု ပညာရပ်ဆိုင်ရာ မျှဝေခြင်း သင်တန်း(၁/၂၀၂၃) သင်တန်းဖွင့်



MNP  -  ဇန်နဝါရီ  ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌     လူနေမှုဘဝနှင့် လက်တွေ့အသုံးချမြေယာ စီမံခန့်ခွဲမှု အခြေခံသဘောတရားများ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဝန်ဆောင်မှုပညာရပ်ဆိုင်ရာ မျှဝေခြင်းသင်တန်း(၁/၂၀၂၃)သင်တန်းကို ယမန်နေ့က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းတွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ အဖွဲ့ဝင် ဦးအောင်ကိုကိုက ကျိုင်းတုံမြို့နယ်အတွင်း မြေယာ၊ ရောင်းဝယ်ငှား အကျိုးဆောင်လုပ်ကိုင်နေသူများအတွက် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်များ လျှောက်ထား၍ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်စေလိုခြင်း၊ မြေယာနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်း ဆောင်ရွက်ချက်များ၊ မြေယာနှင့်ပတ်သက်၍ အက်ဥပဒေ၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ဆင့်ဆိုချက်များနှင့် လုပ်ထုံးလုပ်နည်းများကို မြေယာအသုံးချသူများ သိရှိနားလည်စေရန်၊ လူနေမှုဘဝနှင့် လက်တွေ့အသုံးချ မြေယာစီမံခန့်ခွဲမှု အခြေခံသဘောတရားများ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း ဝန်ဆောင်မှုပညာရပ်ဆိုင်ရာများကို  မျှဝေသင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။


သင်တန်းသို့ ကျိုင်းတုံမြို့နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ ၃၇ ဦး တက်ရောက်ပြီး မြေယာစီမံအုပ်ချုပ်မှုသမိုင်း၊ မြေအားလုံး၏ ပင်ရင်းပိုင်ရှင်ဟူသည်၊ လက်ဝယ်ထားပိုင်းခွင့် ရရှိသောမြေဟူသည်၊ ဘိုးဘပိုင်မြေဟူသည်၊ ဂရန်လောင်းမြေဟူသည်၊ မြေငှားဂရန်း လျှောက်ထားမည် စသည့် ဘာသာရပ်များကို ဇန်နဝါရီ ၁၄ ရက်မှ စတင်၍ ၈ ရက်ကြာ သင်တန်းပို့ချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)