(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘော်လီဘောအားကစားပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား ဆုများချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘော်လီဘောအားကစားပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား ဆုများချီးမြှင့်


MNP  -   ဇန်နဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ပြည်သူ့ပန်းခြံ ဘော်လီဘောကွင်းတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူငယ်ဘော်လီဘောအားကစားအသင်းများ ယှဉ်ပြိုင်ခဲ့ကြပြီး ယမန်နေ့ညနေ (၅)နာရီက  ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ငှက္ကတောင်ကျေးရွာအသင်းနှင့် ကုလရွာကျေးရွာအသင်းတို့ (၅)ပွဲ ယှဉ်ပြိုင်ခဲ့ရာ ငှက္ကတော်အသင်းမှ (၃)ပွဲ(၁)ပွဲနှင့် ပထမဆု ဆွတ်ခူးခဲ့ကြောင်း သိရှိရပြီး ဆုများဆက်လက်ချီးမြှင့်ခဲ့ရာ   ပထမဆုရရှိခဲ့သော ငှက္ကတောင်ကျေးရွာ ဘော်လီဘောအသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး က ဆုဒိုင်း၊ ငွေကျပ် (၃)သိန်းနနှင့် ရွှေလည်ဆွဲပြားများကို လည်းကောင်း၊ ဒုတတိဆုရရှိခဲ့သည့် ကုလကျေးရွာ ဘော်လီဘောအသင်းအား ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးငွေဒိုး က ငွေကျပ်(၂)သိန်းနှင့် ငွေလည်ဆွဲပြားကို လည်းကောင်း၊ တတိယဆုရရှိခဲ့သည့် ဖျောက်ဆိပ်ပင်ကျေးရွာ ဘောလီဘောအသင်းအား  ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ရွှေဦး က ငွေကျပ်(၁)သိန်းနှင့် ကြေးလည်ဆွဲပြားများကို လည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဘော်လီဘောပြိုင်ပွဲတွင် ပန်းခြံ၊ ဆူးကုန်း၊ ကြံ့နှစ်ကောင်၊ ဖျောက်ဆိပ်ပင်၊ ငှက္ကတောင်၊ ကုလရွာ၊ သပြေကုန်းရွာ၊ မြောင်းဦးကျေးရွာတို့မှ ဘော်လီဘောအသင်းများပါဝင် ယှဉ်ပြိုင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အုပ်စု(က)တွင် အသင်း(၄)သင်းနှင့် အုပ်စု(ခ)အသင်း(၄)သင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)