ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


MNP   -   ဇန်နဝါရီ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် စိုက်ပျိုးရေးသိပ္ပံ(ပုသိမ်ကြီး)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ညွှန်ကြားရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က စိုက်ပျိုးရေးသိပ္ပံကျောင်း၏ စာတွေ့လက်တွေ့သင်ကြားနေမှုကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လယ်ယာကဏ္ဍတွင် အရည်အချင်းပြည့်ဝသည့် လူ့အရင်းအမြစ်များ တိုးပွားလာရေးအတွက် အဓိကတာဝန်ယူလေ့ကျင့်ပျိုးထောင်ပေးကြမည့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ၊ မွေးမြူရေးဒီပလိုမာသင်တန်းများအနေဖြင့် ထိရောက်သောသင်ကြားမှုပုံစံ၊ လက်တွေ့ လုပ်ငန်းခွင်သို့ အသင့်ဝင်ရောက်နိုင်မည့် လေ့ကျင့်မှုပုံစံတို့ဖြင့် သင်ကြားနိုင်ရေး စီမံဆောင်ရွက်သွားကြစေလိုကြောင်း၊ ခေတ်မီစိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လက်တွေ့အသုံးချနိုင်မှုနှင့်အတူ နည်းပညာပြန့်ပွားရေး လုပ်ငန်းများတွင် အားကိုးအားထားပြုနိုင်သော အကျိုးဆောင်တောင်သူများဖြစ်စေရေးမျှော်မှန်းပြီး စနစ်တကျလေ့ကျင့်သင်ကြားပေးရန်လိုကြောင်း မှာကြားသည်။


ထို့နောက် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ပြီး စိုက်ပျိုးရေးသိပ္ပံကျောင်း၏ လက်တွေ့သင်ကြားမှု အထောက်အကူပြု မွေးမြူရေးခြံများကို ကြည့်ရှုစစ်ဆေးကြသည်။


ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ မန္တလေးကော်ဖီအုပ်စု ကုမ္ပဏီလီမိတက်သို့ရောက်ရှိကြပြီး ကော်ဖီထုတ်လုပ်မှုကို ကြည့်ရှုအားပေးသည်။


ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်မြို့နယ် ဒိုးကွင်ဥယျာဉ်ခြံသို့ရောက်ရှိပြီး ခြံတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အရည်အသွေးမြင့်မားပြီး အထွက်နှုန်းကောင်းမွန်သည့် ဟင်းသီးဟင်းရွက် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်ရန်လိုကြောင်း၊ ဟင်းသီးဟင်းရွက်နှင့်  သစ်ခွစိုက်ပျိုးလိုသူများအား ခေတ်မီစိုက်ပျိုးနည်းစနစ်များ တီထွင်အသုံးပြုနိုင်ရေး လေ့ကျင့်ပညာပေးရန်နှင့် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများဆောင်ရွက်ရန် ဆွေးနွေးပြောကြားကာ ခြံတာဝန်ခံများအား စားသောက်ဖွယ်ရာများပေးအပ်ပြီး ခြံအတွင်း စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးသည်။


အဆိုပါ ဒိုးကွင်ဥယျာဉ်ခြံသည် သစ်ခွမျိုးများ စုဆောင်းခြင်း၊ အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်မျိုးစေ့များ ထုတ်လုပ်ခြင်း၊ ပြင်ဦးလွင် ပန်းမြို့တော် အထောက်အကူပြုခြံအနေဖြင့် ဒေသနှင့်ကိုက်ညီသောပန်းမျိုးများ သုတေသနပြုစိုက်ပျိုးခြင်းနှင့် ပွားများခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)