MNP - ဇန်နဝါရီ ၂၀
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်သို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ စာအုပ်၊ စာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်ဇင်မော်က ဒေါပုံမြို့နယ်ပြည်သူ့စာကြည့်တိုက်သည် ပြည်သူများအား အခမဲ့စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းနှင့် စာကြည့်တိုက်တွင် လူတန်းစားမရွေး လာရောက်ဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည့်အတွက် ပြည်သူများ စာပေများပိုမိုလေ့လာနိုင်စေရန်ရည်ရွယ်၍ လာရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သုတ၊ ရသစာအုပ်(၁၀၀)အုပ်အား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများက လှူဒါန်းပေးအပ်ခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချစ်စုဝေက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ချစ်စုဝေ
https://t.me/MyanmarNationalPost
No comments:
Post a Comment