အမ်းမြို နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ ကွင်းဆင်းစစ်​ဆေးေဆာင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ ကွင်းဆင်းစစ်​ဆေးေဆာင်ရွက်




MNP  -  ဇန်နဝါရီ     ၁၅

      ရခိုင်ပြည်နယ်၊ အမ်းခရိုင် အမ်းမြို့နယ်၌  ပွင့် လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ် မီး သတ်တပ်ဖွဲ့နှင့်တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ရှိ စက်သုံးဆီအ ရောင်းဆိုင်များအားရှောင်တခင်ဝင်ရောက်စစ်ဆေး ခဲ့သည်။


       ထို့သို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေးရာတွင်အမ်းမြို့နယ် အတွင်း ရှိ စက်သုံးဆီအရောင်ဆိုင်များအနေဖြင့် မြို့နယ်မီးသတ် ဦးစီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများအားလိုက်နာမှုရှိမရှိအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး မီးသတ်ဦးစီးအရာရှိ စည်ပင်အမှုဆောင်အရာရှိ ဆည်မြောင်းအင်/ယာ လျှပ်စစ်အင်/ယာတို့ဖြင့် စက်သုံးဆီအရောင်ဆိုင်များအားလျောင်တခင်ဝင်ရောက်စစ်ဆေးကာ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ မြို့နယ်​မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်း

ချက်နှင့်အညီ ရောင်ဝယ်ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်များ၊ မီးဘေးအန္တ ရာယ် ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်ကြရန် စသည့်အချက်အလက်တို့ကို အသိပေးရှင်း လင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)