ကျောက်ဆည်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ






MNP  -  ဇန်နဝါရီ  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ယနေ့နံနက်(၇)နာရီအချိန်က (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ဆောင်ကြီးများနှင့်တပ်ဖွဲ့ဝင်အပေါင်းအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်သား/ကျောင်းသူများနှင့်ပြည်သူများက အလေးပြုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဇော်နိုင်ဦးက  ဖတ်ကြားခဲ့သည်။


ထို့နောက်(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့်ကျောင်းသား/ကျောင်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် တာဝန်ရှိသူများကလည်းကောင်း၊  အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများကလည်းကောင်း၊  မူလတန်းအဆင့် ပုံပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းပေါင်းစုံ ထုပ်စည်းတိုးပြိုင်ပွဲ၊ လွန်ဆွဲပွဲနှင့် အလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား  ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာနှင့် တာဝန်ရှိသူများက ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့် အဖွဲ့ဝင်များမှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး တက်ရောက်လာသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်ပန်းချီ၊ ပိုစတာများအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)