မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ


MNP  -  ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၀င်များပူးပေါင်း၍ ဆရာလူထုစိန်ဝင်း ရေးသားသည့် ပညာနဲ့လူမျိုးကိုစောင့်ရှောက်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဒေါ်တင်မိုးလှိုင်(စာရေးဆရာမလှိုင်)က လူငယ်၊ တာဝန်ယူစိတ်နှင့်အောင်မြင်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဆရာဦးညိုက တပည့်တွေ၊ လူငယ်တွေကို ကျွန်တော်မကြာခဏပြောဖြစ်သည့် ကံ၊ ဉာဏ်၊ ဝီရိယ တို့အကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမင်းဝံက ဖန်သားပြင်ယဉ်ကျေးမှု ဂလိုဘယ်လိုက်ဇေးရှင်း အနောက်တိုင်းလူငယ်တို့၏ အမူအကျင့်အရွေ့နှင့် မြန်မာလူငယ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးမြင့်မောင်က ဂုဏ်ယူတတ်သောစိတ်၊ ဂုဏ်ယူစရာရှိခြင်းနှင့် ဂုဏ်ဆောင်နိုင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော (Book Club) အဖွဲ့များက သိရှိလိုသည်များကိုမေးမြန်းကြရာ (Book Club) အဖွဲ့ဝင် စာရေးဆရာများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြသည်။


မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြင့်မြင့်သန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)