ရခိုင်ပြည်နယ် မောင်တောမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်ဦးဆွမ်းဆန်တော်လောင်းလှူပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်ဦးဆွမ်းဆန်တော်လောင်းလှူပွဲပြုလုပ်





MNP  -  ဇန်နဝါရီ  ၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့်  (၇၅) နှစ်မြောက် စိန် ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သော အား ဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ် ဌာန ဆိုင် ရာများ ၊စေတနာ ရှင်များ၏ ၂၀၂၃ ခုနှစ် ၊ နှစ်ဦး ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့  နေ့လယ် ၃ နာရီအချိန်က မြို့မ ဘုန်းတော် ကြီး ကျောင်း မှ စတင်ထွက်ခွာကာ  မြို့မဈေးကြီးတစ်ပတ် လောင်းလှူပွဲကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်ဦး ဆွမ်း ဆန်တော် လောင်း လှူပွဲကို မြို့မ ဘုန်းတော်ကြီးကျောင်း မှ စတင်ထွက်ခွာကာ  ဈေးကြီးတစ်ပတ် လမ်းမကြီး အတိုင်း စီတန်းလည့်လည်ပြီး  မြို့နယ်အတွင်းရှိ ရဟန်း ၊ သံဃာတော် ၊သာမဏေ (၁၃၀)ပါးခန့်အား နယ်မြေ ခံဒုတိယ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ  ဦးနေဦးနှင့် အဖွဲ့ဝင်များ ၊မြို့ နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ နှင့် စေတနာ ရှင် ၊အလှူရှင်များက ဆွမ်းဆန်စိမ်း နှင့် လှူဖွယ်ဝတ္တူများ စည်းကား သိုက် မြိုက်စွာ လောင်းလှူခဲ့ကြရာ  မြန်မာနိုင်ငံကြက်ခြေနီအသင်း နှင့် ကရုဏာကွန်ရက် လူမှုကူညီရေးအသင်းများက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး၊အောင်ကျော်စိန်  

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)