မူဆယ်-တရုတ် နယ်စပ် မန့်ဝိန်းဝင်ထွက်ဂိတ် ပြန်လည်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်-တရုတ် နယ်စပ် မန့်ဝိန်းဝင်ထွက်ဂိတ် ပြန်လည်ဖွင့်လှစ်



MNP  -  ဇန်နဝါရီ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်-တရုတ်နယ်စပ် မန့်ဝိန်းဂိတ်ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် မြန်မာ-တရုတ်နယ်စပ် မူဆယ်-ရွှေလီဝင်ထွက်ဂိတ်များကို ၂၀၂၁ ခုနှစ်၊မတ်လ ၃၀ ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ရာ ယနေ့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုအား ထိန်းချုပ် လာနိုင်ပြီဖြစ်၍ ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများအား ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ရန်အတွက် ၂၀၂၃ ခုနှစ်၊ ယနေ့ နံနက် ၈ နာရီအချိန်က မူဆယ်ခရိုင်အုပ်ချူပ်ရေးမှူး ဦးအောင်ဇော်မိုး၊ (၁၀၅) မိုင် ကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၊ သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများနှင့် တရုတ်နိုင်ငံဘက်မှ တယ်ဟုန် ပြည်နယ်ခွဲအဆင့် ကုန်သွယ်ရေးဌာနတာဝန်ခံ မစ္စတာလီထွင်းထောင်၊ ရွှေလီမြို့ အကောက်ခွန် တာဝန်ခံအရာရှိ မစ္စတာဟို့ယုန့်၊ ရွှေလီမြို့ ပြည်ပဆက်ဆံရေးဌာနမှူး မစ္စတာလီယန့်၊ ရွှေလီမြို့ ကုန်သွယ်ရေးဌာန ဒုတိယဌာနမှူး မစ္စတာရွင်းဟုန်းရှင့်၊ ဂျယ်ဂေါင်အုပ်ချူပ်ရေးမှူး မစ္စတာစီချင့်စီဖျင့်နှင့် တာဝန်ရှိ သူများက ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သည်။


အဆိုပါ မန့်ဝိန်းဂိတ်ပြန်လည်ဖွင့်လှစ်ရာတွင် လယ်ယာထွက်ကုန်၊ သစ်သီးဝလံ၊ ရေထွက်ကုန် ပစ္စည်းများနှင့် သတ္တုတွင်းထွက်များမှအပ ကျန်ပို့ကုန်ပစ္စည်းများကိုသာ တင်ပို့ခွင့်ပြုမည်ဖြစ်ပြီး ဒေသထွက် ကြံတင်ပို့သည့် (၆)ဘီးကုန်တင်ယာဉ်များအား အာဆီယံစံချိန်စံညွှန်းအတိုင်း ယာဉ်နှင့် ကုန် စုစုပေါင်း(၁၆) တန်အထိသာ မန့်ဝိန်းဂိတ်မှ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း၊ ယင်း တင်ပို့ရာတွင်  မြန်မာနိုင်ငံ ပို့ကုန်နှင့်အတူ ယာဉ်မောင်း(၁)ဦးသာ တရုတ်နိုင်ငံဘက်မှ သတ်မှတ်ထားရှိသည့် ကိုဗစ် -၁၉ ရောဂါ ကင်းစင်ကြောင်း (၄၈) နာရီအတွင်း စစ်ဆေးချက် အထောက်အထားဖြင့်သာ သွားရောက် ခွင့်ပြုမည်ဖြစ်ကြောင်း၊ သွင်းကုန်အဖြစ် လူသုံးကုန်၊ စားသောက်ကုန်၊ ဆေးနှင့် ဆေးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများသာ တင်ပို့ရန်၊ တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာမည့် သွင်းကုန်နှင့်အတူ ယာဉ်မောင်း(၁)ဦးသာ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားရှိသည့် မြန်မာ-တရုတ်နယ်စပ် ဝင်ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်နှင့်အညီ စစ်ဆေးဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ မန့်ဝိန်းဝင်ထွက်ဂိတ်မှ တင်ပို့/ တင်သွင်းမည့် ယာဉ်များအနေဖြင့် အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးမှုခ ံယူပြီးမှသာ ဝင်ထွက် ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် မြန်မာ-တရုတ်နယ်စပ် မန့်ဝိန်းဝင်ထွက်ဂိတ်ကို ပို့ကုန်သွင်းကုန်ယာဉ်များ ဝင်ထွက်ခွင့်များကို  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇နာရီ အချိန်မှ စတင်ဖွင့်လှစ်ခွင့်ပြုသွားပြီးဖြစ်ကြောင်း သိရသည်။


ကျန်ရှိနေသေးသော နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်များကိုလည်း ကိုဗစ်-၁၉ ကျန်းမာရေးစည်းကမ်း သတ်မှတ်ချက်၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေး ပြင်ဆင် ဆောင်ရွက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)