ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့နယ်ရုံးတွင် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့နယ်ရုံးတွင် စာဖတ်ဝိုင်းကျင်းပ




MNP  -   ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရဦးစီးဌာနမှ လူငယ်လူရွယ်များ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများတိုးပွားရရှိစေရေး၊ စာဖတ်သူပွားများရေးအတွက် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ( ၃ )နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စာ‌ရေးဆရာ အောင်သစ်ရေးသားသည့် ဘဝနေထိုင်မှုအနုပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ် youth Club အဖွဲဝင်များ၊ ကျောင်းသား/ ကျောင်းသူ စာဖတ်ဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်ကြသူများက စာရေးဆရာ၏အဓိကထားသင့်သည့်ဘဝနေထိုင်မှု အနုပညာ၏ အောင်မြင်ပျော်ရွှင်ရေးနည်းလမ်းကောင်းများ၊ နည်းစနစ်နှင့်ကျင့်ကြံနေထိုင်နည်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ကိုမင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)