သံတွဲခရိုင်၊ငပလီမြို့၌ဝန်ထမ်းများနှင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်၊ငပလီမြို့၌ဝန်ထမ်းများနှင့်စာဖတ်ဝိုင်းပြုလုပ်



MNP  - ဇန်နဝါရီ ၁၃

                    သံတွဲခရိုင်၊ငပလီမြို့၌ယနေ့  မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


                       ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူကပြည်​ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေသည့်ရုံးလုပ်ငန်းလက်စွဲစာအုပ်အခန်း (၁)ရုံးလုပ်ငန်းသဘောတရားများ ၊အခန်း(၂)ဝင်စာများအ​ရေးယူ​ဆောင်ရွက်​ခြ​င်းခေါင်းစဥ်အောက်မှ ဝင်စာများကိုလက်ခံခြင်း၊ဝင်စာများကို မှတ်ပုံတင်ခြင်း၊ဝင်စာများကိုစိစစ်လေ့လာတင်ပြခြင်း၊အမှုကိစ္စဆောင်ရွက် ရန်ဝင်စာများကိုခွဲဝေပေးခြင်း၊အမှုကိစ္စ ဆောင်ရွက်ရန် ဝင်စာများကိုစနစ်တကျစာတွဲခြင်းတို့ကိုရှင်းလင်းပြောကြားသည်။


     ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက် လာကြသည့်ဝန်ထမ်းများကရုံးလုပ်ငန်းလက်စွဲစာအုပ်  အခန်း(၂)ပါခေါင်းစဉ်အောက်မှ အမှုကိစ္စဆောင်ရွက်ရန် ဝင်စာများကိုစနစ်တကျစာတွဲ ခြင်း အကြောင်းအရာကို အသေးစိတ်ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)