ဘားအံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ကျောင်းသားကျောင်းသူ ၂၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ကျောင်းသားကျောင်းသူ ၂၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်





MNP  -   ဇန်နဝါရီ ၁၈

ဘားအံတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ် အားကစားပြိုင်ပွဲဖွင့်ပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ ကျင်းပရာ ဘာသာရပ် ၁၄ ခုမှ ကျောင်းသား၊ ကျောင်းသူ ပြေးခုန်ပစ်အားကစားသမား ၂၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


ဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုကဲ့သို့ အားကစား ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ၏ အားကစားဖွံ့ဖြိုးမှု အခွင့်အလမ်းများ ရရှိပြီး တက္ကသိုလ်အဆင့် လက်ရွေးစင်မှသည် ပြည်နယ်၊ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအဖြစ် ရွေးချယ်ခံရပါက မိမိတို့၏ ကျွမ်းကျင်မှု အရည်အသွေးကို ပြသခွင့် ရရှိမည် ဖြစ်သကဲ့သို့ အားကစားထူးချွန်သူအဖြစ် အသိအမှတ်ပြု ခံရပြီး မိမိဘဝအတွက် ယုံကြည်မှုရှိရှိဖြင့် ဆက်လက်လျှောက်လှမ်းသွားနိုင်မည်ဖြစ်ကြောင်း၊ ယခုအားကစားပြိုင်ပွဲမှ တစ်ဆင့် ကရင်ပြည်နယ် ဂုဏ်ဆောင် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားမောင်မယ်များ ပေါ်ထွန်းလာပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။


ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၄၀၀ (၄)ဦးလက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၀၀ (၄)ဦး လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အမျိုးသားမီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား၊အမျိုးသမီး အလျားခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ် ပြိုင်ပွဲများကို ထည့်သွင်း ကျင်းပ သွားမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၄၀၀ (၄)ဦးလက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၀၀ (၄)ဦး လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတို့ကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေး၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ပြေးခုန်ပစ် အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။


ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်လူမှုရေးရာ ဝန်ကြီးဦးစိုးလွင်က အမျိုးသားမီတာ ၁၀၀ အပြေးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးဦးစောခင်မောင်မြင့်က အမျိုးသမီးမီတာ ၁၀၀ အပြေးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို လည်းကောင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းက အမျိုးသမီး မီတာ ၁၀၀ (၄)ဦး လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမျိုးသား မီတာ ၄၀၀ (၄)ဦးလက်ဆင့်ကမ်းအပြေးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကိုလည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)