ကျိန္တလီမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ





MNP  -   ဇန်နဝါရီ ၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက (အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။


 အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ ၁၉၄၇ခုနှစ်၊ ဇူလိုင်လ၁၃ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးကြီးတွင်  ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၄-၁-၂၀၂၂ရက်နေ့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှ ကောက်နှုတ်ချက်များ၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်ဟူသော ဆောင်းပါးတို၊ စည်းလုံးညီညွတ်စွာဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်းပါးတို၊ လွတ်လပ်ရေးကို ကာကွယ်ပါ၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါစသည့်ဆောင်ပုဒ်များ၊ စာရေးဆရာ မြင်းမူမောင်နိုင်မိုး ရေးသားခဲ့သော “လွတ်လပ်ရေးပန်းမို့မနွမ်းစေချင်” ကဗျာနှင့် ကာတွန်းများပါရှိပြီး လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)