တောင်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ







MNP  - ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ Grade(10)မှ ကျောင်းသား၊ ကျောင်းသူများမှ ပြည်မြန်မာ သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးဦးကျော်မင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်အဆင့်၊ ကျောင်းအဆင့် လူရည်ချွန်စာ‌မေးပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ် ကျောင်းတွင်းအားကစားပြိုင်ပွဲများ၊ မြို့နယ်အဆင့်လက်ရွေးစင် အားကစားပြိုင်ပွဲများ၊ မြို့နယ်အဆင့် ပဌာန်းရွတ်ဆိုပြိုင်ပွဲတို့တွင် ဆုများရရှိခဲ့ကြသော မူလတန်း၊ အလယ်တန်း၊ အထက်တန်းသီးသီးမှ ကျောင်းသား၊ကျောင်းသူများ၊ အဆိုပါ ကျောင်းမှ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းဆောင်များ ပြုပြင်ထိန်းသိမ်းရေးအတွက် လှူဒါန်းခဲ့ကြသော အလှူရှင်ကျောင်းသားမိဘများကို ကျောင်းအုပ် ဆရာကြီး ဦးဦးကျော်မင်းနှင့် ဆရာ၊ဆရာမများမှ ထူးချွန်ဆုများနှင့် မှတ်တမ်း တင်ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။


ထို့နောက် ကျောင်းသား၊ကျောင်းသူများမှ အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများက ပိတောက်လက်ဆောင်သီချင်းဖြင့် သီဆိုဖျော်‌ဖြေခဲ့၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိ သည်။


စိုးဝဏ္ဏထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)