ပဲခူးတိုင်းဒေသကြီး(အနောက်) ပညာရေးစုံညီပွဲတော်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အားပေးချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး(အနောက်) ပညာရေးစုံညီပွဲတော်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အားပေးချီးမြှင့်








MNP   -   ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့ အထက(၁)၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပဲခူးတိုင်းဒေသကြီး (အနောက်) ပညာရေးစုံညီပွဲတော်သို့ တက်ရောက်အားပေးချီးမြှင့်သည်။


ရှေးဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပညာရေးမှူးရုံး(ရုံးခွဲ)မှ ပညာရေးမှူး ဦးတင်ယုတို့က ကျောင်းမုခ်ဦးရှေ့၌ ပညာရေးစုံညီပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အခမ်းအနားကို အဆိုပါကျောင်း သိရီရတနာခန်းမ၌ ဆက်လက်ကျင်းပရာ အထက(၁)ပြည် ကျောင်းသား၊ ကျောင်းသူလေးများ၏ "စုံညီပွဲတော် တို့နွှဲပျော်" တေးသီချင်းကပြဖျော်မှုဖြင့် အခမ်းအနားဖွင့်လှစ်သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားကာ တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအတွင်း အခြေခံပညာကျောင်းများမှ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ ယင်းနောက် တိုင်းခွဲပညာရေးမှူးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြို့နယ်များအလိုက် အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် ကပြ‌ဖျော်ဖြေကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုအားပေးပြီး ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် ဆုရကျောင်းသား၊ ကျောင်းသူများနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပညာရေးစုံညီပွဲတော်တွင် ခင်းကျင်းပြသထားသော ခရိုင်နှင့်မြို့နယ်အသီးသီး၏ သင်ထောက်ကူပြခန်းများအား လှည့်လည်ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


ကိုဆက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)