တောင်သာမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သာမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ


MNP  -   ဇန်နဝါရီ  ၂၃

တောင်သာမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားများ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေများအား ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် တောင်သာမြို့နယ်ရှိ မြို့ပြပင်စင် (၁၃၁၄)ဦး၊ ကာကွယ်ရေးပင်စင် (၆၀၄)ဦး၊ နိုင်ငံရေးပင်စင်(၂၁၅)ဦး စုစုပေါင်း (၂၁၃၃) ဦးရှိပြီး ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအား မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် အဆိုပါပင်စင်လစာများကို ဇန်နဝါရီလ (၂၃)ရက်နေ့မှစ၍ တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နံနက်(၅)နာရီအချိန်မှစ၍ နေ့လည်(၂)နာရီအချိန်ထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ကျော်မျိုးနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)