MNP - ဇန်နဝါရီ ၁၄
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင်မီးသတ်ဦးစီးဌာန အဖွဲ့ဝင်များမှ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉နာရီက ရွှေဇားကျေးရွာအုပ်စု၊ ဂုံးနားကျေးရွာနှင့် ကညင်တန်းရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဆန်လှိုင်နှင့် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးညီညီနိုင်တို့ ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ရွှေဇားကျေးရွာအုပ်စု၊ ဂုံးနားကျေးရွာနှင့် ကညင်တန်းရပ်ကွက်ရှိနေအိမ်များသို့ သွားရောက်ကာ ပြည်သူလူထုများ အနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကို စနစ်တကျ အသုံးပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်း ချက်ပြုတ်သူများ အနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြှိမ်းသတ်စေရန်နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေး အကြံပြု လမ်းညွန်မှာကြားခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment