ပရီးမီးယားလိပ်ပွဲစဉ် ၂၀ တနင်္ဂနွေနေ့ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိပ်ပွဲစဉ် ၂၀ တနင်္ဂနွေနေ့ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP - ဇန်နဝါရီ   ၁၅


ပရီးမီးယားလိပ်ပွဲစဉ်ပွဲစဉ် ၂၀ အဖြစ် တနင်္ဂနွေနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၈:၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ယနေ့ညမှာတော့ ပရီးမီးယားလိပ်ပွဲစဉ် ၃ ပွဲယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပြီး ပွဲကြီးပွဲကောင်းအဖြစ် မြောက်လန်ဒန်ဒါဘီမှာ စပါးအသင်းနှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။


ချဲလ်ဆီး - ခရစ္စတယ်ပဲလေ့စ် (ယနေ့ည ၈:၃၀)

လန်ဒန်ဒါဘီတစ်ပွဲအဖြစ် ချဲလ်ဆီးအသင်းနှင့်  ခရစ္စတယ်ပဲလေ့စ် အသင်းတို့ဟာ ချဲလ်ဆီးအိမ်ကွင်း စတန်းဖို့ဒ် ဘရစ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ လက်ရှိအချိန်မှာ ရုန်းနေတာဖြစ်ပေမယ် အိမ်ကွင်းအားသာချက်လည်း ရှိတာကြောင့် အိမ်ရှင် ချဲလ်ဆီးတို့ဘဲ ကပ်နိုင်သွားမည်။


နယူးကာဆယ် - ဖူဟမ်  (ယနေ့ည ၈:၃၀)

နယူးကားဆယ်အသင်းနှင့် ဖူဟမ်အသင်းတို့ဟာ နယူးကာဆယ်အိမ်ကွင်း စိန့်ဂျိမ်းစပေါ့တ် မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နယူးကာဆယ်အသင်း လက်ရှိရာသီ အတော်လေး ဟန်ချက်ညီနေပြီး တစ်ပွဲသာ ရှုံးနိမ့်ထားတာ ဖြစ်တာကြောင့် နယူးကို ကြိုက်ပေမယ့် ဒီနေ့ပွဲစဉ်မှာတော့ သရေရလဒ်သာ ထွက်ပေါ်မည်။


စပါး - အာဆင်နယ် (ယနေ့ည ၁၁:၀၀)

ဒီကနေ့ညရဲ့ အကောင်းဆုံးသော ပွဲစဉ်အဖြစ် စပါးအသင်းနှင့် အာဆင်နယ်အသင်းတို့ဟာ စပါးအိမ်ကွင်း မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီနှစ်သင်းတွေ့ဆုံတိုင်း အပြန်အလှန် ဂိုးများလေ့ရှိပြီး ဒီတစ်ကြိမ်မှာတော့ အာဆင်နယ်က မန်တီးစီးအသင်းကို အမှတ်ဖြတ်ရမှာ ဖြစ်တာကြောင့် ၂ -၃ ဖြင့် ဧည့်သည် အာဆင်နယ်အသင်းက အနိုင်ရသွားမည်ဖြစ်ကြောင်း ခန့်မှန်းလိုက်ရပါတယ်။


မြန်မာနှေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)