ကော့သောင်းမြို့တွင် အောင်တော်မှုစေတီတော်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့တွင် အောင်တော်မှုစေတီတော်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်



MNP  -  ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ အောင်တော်မှုစေတီတော်၌ ယနေ့နံနက်(၉)နာရီအချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများစုပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် အောင်တော်မှုစေတီတော်၏ မုခ်ဦး၊ စောင်းတန်း၊ လှေကားတစ်များ၊ သာသနိကအဆောက်အဦများအနီးတဝိုက်တွင် ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ စေတီတော်ရင်ပြင်ပေါ်တွင် တံမြတ်စည်းလှဲခြင်း၊ ရင်ပြင်တော်အားဆေးကြောသန့်စင်ခြင်း၊ ဂြိုလ်ခွင်များ၊ ဂြိုလ်တိုင်ခုံများအား ဆေးကြောသန့်စင်ခြင်း၊ စေတီတော်မြတ်အား ရေညှိများသန့်ရှင်းရေးပြုလုပ်ခြင်း၊ ဆင်းတုတော်များ ရေသပ္ပါယ်ပေးခြင်းနှင့် အောင်တော်မူစေတီတော်ပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်သရိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်းဖြင့် စုပေါင်းကုသိုလ်ပြုလုပ်ခဲ့ကြောင်း သိရှိသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် ပြည်သူအကျိုးပြုလုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)