စလင်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပပြုလုပ်





MNP  -  ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို မြင်တင်ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


စလင်းမြို့နယ် လွတ်လပ်ရေး‌နေ့အခမ်းအနားကို မြင်တင်ရပ်ကွက်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ နိုင်ငံတော် အလံတင်အခမ်းအနားကို ဆောင်ရွက်ခဲ့ရာ အခမ်းအနားတွင် ရုံးအုပ်ကြီး ဦးသိန်းဇော်မှ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းများဆောင်ရွက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စလင်းတပ်နယ်မှ ဗိုလ်မှူး ထင်လင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်သူ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်အေးနှင့် ဦးစိန်လင်း၊ မြို့နယ် ဌာနဆိုင်ရာအဆင့်တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊  ပရဟိတအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးစာရေး ဝန်ထမ်းများ စုံညီစွာတက်ရောက်ခဲ့ကြသည်။ ဆက်လက်ပြီး ယနေ့နံနက် (၇) နာရီအချိန်က စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်သော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ပွဲအခမ်းအနားကို  နိုင်ငံတော်အလံအလေးပြုခြင့်နှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ အလေးပြုခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သောသဝဏ်လွှာအား စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ဖတ်ကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့သော သဝဏ်လွှာကိုဖတ်ကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်အတူ အခမ်းအနားတက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဝေငှခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)