မဟာအောင်မြေမြို့နယ်ရုံး၊ ကလေးစာဖတ်ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ်ရုံး၊ ကလေးစာဖတ်ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ



MNP  -    ဇန်နဝါရီ ၂၃

မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် (၁၁) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲတွင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဒုတိယ ဦးစီးမှူး ဦးညီဝင်းသူက ကလေးသူငယ် ကျောင်းသား/ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး သွက်လက်ထက်မြက်စေရန်၊ မှတ်သားမှု အားကောင်း‌စေရန်၊ အမြင်ဗဟုသုတ ရှိစေရန်၊ စာ‌ပေဖတ်ရှု‌လေ့လာရာတွင် ပိုမိုစိတ်ဝင်စားမှု ရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပရာ ကျောင်းသား/ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ဒုတိယဦးစီးမှူး ဦးညီဝင်းသူက အမှတ် တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အောင်ဇော်မင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)