မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း ပေါင်မြို့နယ်အတွင်း နွေစပါးတစ်ဧကအထွက်နှုန်းတိုးတက်ရေး တောင်သူများထံဓါတ်မြေဩဇာများထောက်ပံ့ပေးအပ်၊ မုတ္တမကျေးရွာရှိ ရှေးဟောင်းစေတီအား ထုံးသင်္ကန်းကပ်လှူပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း ပေါင်မြို့နယ်အတွင်း နွေစပါးတစ်ဧကအထွက်နှုန်းတိုးတက်ရေး တောင်သူများထံဓါတ်မြေဩဇာများထောက်ပံ့ပေးအပ်၊ မုတ္တမကျေးရွာရှိ ရှေးဟောင်းစေတီအား ထုံးသင်္ကန်းကပ်လှူပူဇော်






MNP  -     ဇန်နဝါရီ          ၂၆

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျှက် ယနေ့နံနက်ပိုင်းက ပေါင်မြိုနယ်အတွင်းသိုရောက်ရှိပြီး နွေစပါးတစ်ဧကအထွက်နှုန်းတိုးတက်ရေး တောင်သူများထံ ယူရီးယားဓါတ်မြေဩဇာများပေးအပ်ကာ နို့စားနွားနှင့် နွားအလှမွေးရေးလုပ်ငန်းအားကြည့်ရှုအားပေး၍ မုတ္တမတောင်ရိုးတန်းပေါ်ရှိ ရှေးဟောင်းစေတီအား ထုံးသင်္ကန်းကပ်လှူပူဇော်ခဲ့ကြ‌ကြောင်း သိရသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စုရှိ နွေစပါး တစ်ဧက (၁၂၀) တင်းထွက်ရှိရေး ဧက (၁၀၀) စံပြစိုက်ကွက်မှ တောင်သူများအား ယူရီးယား ဓါတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ ရောက်ရှိရာ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူက ပေါင်မြို့နယ်အတွင်း နွေစပါး တစ်ဧက (၁၂၀) တင်းထွက်ရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေလွတ်၊ မြေလပ်နှင့် မစိုက်ပျိုးနိုင်သည့် မြေများကို ရှာဖွေဖော်ထုတ်ပြီး စိုက်ဧကတိုးမြှင့်စိုက်ပျိုးရန်၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် အထွက်နှုန်း လျာထားချက်ထက် ပြည့်မီကျော်လွန်စေရေးအလေးထားဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တောင်သူများ၏ စိုက်ပျိုးရေရရှိရေး ရေနုတ်မြောင်းများ တူဖော်ပေးနိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်နိုင်ရေး တင်ပြတောင်းခံခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအား ယူရီးယား ဓါတ်မြေ ဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်မြို့နယ်၊ သဲဖြူကုန်း ကျေးရွာအုပ်စု၊ နန်းတော် နို့စားနွားနှင့် နွားအလှမွေးမြူရေးခြံသို့ ရောက်ရှိကြပြီး နို့စားနွားနှင့် နွားအလှမွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုအားပေးရာ မွေးမြူရေးခြံတာဝန်ရှိသူက နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်မြို့နယ်၊ မုတ္တမတောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင် ရွှေဂူကြီး ရွှေဂူလေး ရှေးဟောင်းစေတီတော်မြတ်ကို ဖူးမြော်ကြည်ညို၍ ပန်း‌ရေချမ်းဆီမီးများ ကပ်လှူပူဇော်ကာ စေတီတော် သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ထုံးသင်္ကန်းကပ်လှူပူဇော်ခြင်းများကို ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)