ရသေ့တောင်မြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရှေ့တန်းအမှတ်(၂၂)၊ ခြေလျှင်တပ် မဌာနချုပ် ၊ ယာယီနည်းဗျူဟာမှူး နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လုပ် ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရှေ့တန်းအမှတ်(၂၂)၊ ခြေလျှင်တပ် မဌာနချုပ် ၊ ယာယီနည်းဗျူဟာမှူး နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လုပ် ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




MNP  -    ဇန်နဝါရီ  ၁၉

ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုမြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရသေ့တောင်မြို့‌နယ် ဒေဖွံ့ ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ရှေ့တန်းအမှတ်(၂၂)၊ ခြေလျှင်တပ် မဌာနချုပ် ၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးသက်ထွေးတက်ရောက်ပြီး ရသေ့တောင်မြို့နယ်အတွင်းဒေသ  ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကျန်းမာ ရေး၊ပညာရေး၊စီးပွားရေး၊လူမှုရေး စသောကဏ္ဍဆိုင်ရာများ ဘက်စုံဖွံ့ဖြိုးတိုး တက်ရန်အတွက် ပူးပေါင်းလုပ်ဆောင်ကြရန်  အိမ်ထောင်စုစာရင်းကောက်ယူရာတွင် စာရင်း အမှန်ရရှိရေး၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအမျိုးအစားအလိုက် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေ ဖြင့်ဆောင်ရွက်ကြရန်၊မြို့နယ်စည်ပင်သာယာလှပရေးတွက် သက်ဆိုင်ရာဌာနဆိုင်ရာများမှပူပေါင်းပါဝင်ဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ပါသည်။


ယင်းနောက်မြို့နယ်စီမံအုပ်ရေးကောင်းစီအဖွဲ့ဥက္ကဌ ဦးနိုင်လင်းထက်မှမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ကျောင်းသား/ ကျောင်းသူများ ဆေးထိုး နှံမှုအခြေအနေ တို့ကို ပြော ကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူ များ အသက် အရွယ်အလိုက်ထိုးနှံပြီးစီးမှုအခြေအနေ နှင့် ဌာနဆိုင်ရာများ ပူးပေါင်းလုပ်ဆောင်ရာတွင် ယခုထက်ပိုမို အင်တိုက်အားတိုက်လုပ်ဆောင်ကြရန် တို့ကိုလည်းကောင်း တို့ကို ပြောကြားခဲ့သည်။ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လဝကဦးစီးမှူး ဦးရွှေသာ မှလည်း (Working Group) မြေပြင်ကွင်းဆင်းကောက် ယူမှုအခြေအနေ နှင့်  ပတ်သက်၍ရှင်းလင်းပြော ခဲ့သည်။


 ယင်းနောက်ရှေ့တန်းအမှတ်(၂၂)၊ ခြေလျှင်တပ် မဌာနချုပ် ၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးမှ ဌာနဆိုက်ရာအချင်းချင်းပူးပေါင်းဆောင်ရွက်ကြရန်နှင့်မြို့နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတိုးတက်အောင်မြင်အောင်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများမှလုပ်ငန်းများဆောက်ရွက်ထားရှိမှုအပေါ်အကြံ့ပြုဆွေးနွေးခဲ့ကြောင်းသိရှိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)