အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ပွဲကျင်းပ






MNP - ဇန်နဝါရီ     ၄

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံ တော်အလံတင် အခမ်းအနားကို ယနေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်၌လည်းကောင်းသဝဏ်လွှာဖတ်ပွဲအခမ်းအ နားကို ၇ နာရီအချိန်တွင် မြို့မအားကစားကွင်း၌ ကျင်းပခဲ့ သည်။


      အလံတင်အခမ်းအနားကို နံနက် (၄)နာရီ မိနစ် (၂၀)အ ချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ် ဖွဲ့ဝင်များမှ နိုင်ငံ တော်အလံအား တိုင်ထိပ်သို့လွှင့် တင်ပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့် အခမ်းအနားသို့တက်ရောက်လာကြသည့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက် နှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအ ကဲများက နိုင်ငံတော် အလံအားအလေး ပြုကြကြောင်းသိရသည်။ 


ဆက်လက်ပြီး(၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်တော် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံ တော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသ​ေရ စည်သူ၊သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေး ပို့သော(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သဝဏ်လွှာအားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်ကဖတ်ကြားခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)